ကြော်ငြာလေးတွေကို Click လုပ်ပေးဖို့ တောင်းဆိုအပ်ပါတယ်။

What is Crypter ???

images
ဒီနေ့တော့ Crypter တွေအကြောင်းပြောရအောင်ဗျာ

Crypter ဆိုတာ ဗိုင်းရပ်စ်တွေ Trojen တွေကို Anti-Virus မသိအောင် Encrypt လုပ်ရာမှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲ ပရိုဂရမ်တွေပါ Anti-Virus Software တွေဟာ Malware တွေကို Code ချင်းတိုက်စစ်တယ်လို့ ကျွန်တော်ပြောဖူးတယ်မို့လား အဲ့လိုတိုက်စစ်ရင် မပေါ်အောင်
Crypter တွေဟာ Malware Code တွေကို နည်းအမျိုးမျိုး Encryption Method အမျိုးမျိုးနဲ့ Crypt လုပ်ကြပါတယ် ဒီတော့ မူရင်းကုတ်ဒ်က ပျောက်ရော ဒီတော့ Anti-Virus က မမိတော့ဘူးပေါ့ဗျာ


FUD
FUD ဆိုတာ Fully Undetected ကိုပြောတာပါ မည်သည့် Anti-virus မျိုးမှ မမိသော Malware ကို FUD လို့ခေါ်ပါတယ်။ ဘာမှမမိရင် FUD ပေါ့ဗျာ FUD စစ်တဲ့နေရာမှာ Online
Scanner တွေကိုပဲ အဓိက ထားသုံးရပါတယ် ဘာကြောင့်လဲဆိုတော့သူတို့ဟာ Update အမြဲဖြစ်နေလို့ပါ UD ဆိုတာကတော့ Undetected ပေါ့ဗျာ တချို့ ဟာတွေမိ တစ်ချို့ ဟာတွေမမိပေါ့ Types of Crypters
နှစ်မျိုးရှိပါတယ်
1.Scan Time Crypter နဲ့
2.Run Time Crypter လို့ပါ

1.Scan Time Crypter ဆိုတာကတော့ ရှင်းပါတယ် Anti-virus က Scan ဖတ်နေချိန်မှာ မမိဘူးပေါ့ဗျာ
2.Run Time Crypter ကျတော့ နည်းနည်းရှုပ်ထွေးစပြုလာပြီ.။ Anti-Virus တွေဟာ Program တွေရဲ့  မူမမှန်တဲ့ အပြုအမူကို လိုက်ပြီး Malware ဟုတ်မဟုတ် ဆုံးဖြတ်သေးတယ်လို့ ပြောဖူးတယ်မို့လား.။ Scan ဖတ်တုံးကတော့ FUD ပဲ အဲ တကယ် Run လိုက်ရင် ကွိခနဲ
မိရော ဆိုတာ ဒီကိစ္စကြောင့်ဖြစ်တာပါ ဒီလို Run ရင်တောင် မမိတဲ့ Crypter ကိုတော့ Run Time Crypter လို့ ခေါ်ပါတယ် ;-)

အဲ့ဒီ့ Crypter တွေမှာ ပါတဲ့ အစိတ်အပိုင်းတွေကိုကြည့်ရအောင်ဗျာ
1.Client
Client ဆိုတာကတော့ ကျွန်တော်တို့ File ကို Crypt ပေးမယ့် Interface ကိုခေါ်တာပါ Crypter ပဲဆိုပါစို့ဗျာ
2.Stub
Stub ကတော့ .exe File ဒါမှမဟုတ် .dll File တစ်ခုပါပဲ သူ က ဘာလုပ်လဲဆိုတော့ Client မှာ သွားပြီးတင်မယ့် File တွေကို Filter လုပ်ပါတယ်
3.EOF
EOF ဆိုတာကတော့ End of File ပါ .။ Bifrost, Medusa,Cybergate တို့လို RAT မျိုးမှာ End of FIle ဆိုတဲ့ Function ရှိတဲ့ Crypter မျိုးနဲ့မှ ပိုအဆင်ပြေပါတယ် အကြောင်းကတော့ Crypter တွေဟာ Source Code တွေကို Encrypt လုပ်လိုက်ရင်ပဲဖြစ်ဖြစ်
အခြားသော Cutting တွေလုပ်ရင်ပဲဖြစ်ဖြစ် End of File ( ဖိုင် အဆုံး )ကို လုပ်မိရင် Server နဲ့ Client မချိတ်မိတာမျိုး Rat ရဲ့  Function အပြည့်အ၀မစွမ်းဆောင်နိုင်တာမျိုးဖြစ်သွားတတ်ပါတယ် ဒါမှမဟုတ် Rat ကြီး တစ်ခုလုံးအလုပ်မလုပ်တာလည်း ဖြစ်နိုင်တာပဲ ဒါကြောင့်
EOF Function ထည့်ပေးထားပြီး End oF FIle မပျက်ဆီးရေးအတွက် ဂရုပြုဆောင်ရွက်ဖို့ပါ :-P
4.Anti’s
Anti’s ဆိုတာကတော့ တချို့ တချို့ သော Crypter တွေမှာ အပိုပါဝင်တဲ့ Features တွေပါ Anti AV တို့ Anti Firewall တို့ ဘာတို့ပေါ့ဗျာ မြင်ဖူးကြမှာပါ
5.Hide Process
Hide Process ဆိုတာကတော့ Task Mangaer မှာ မပေါ်အောင် စွမ်းဆောင်တဲ့ Feature ပါ သို့သော်လည်းအခြားသော Third Party တွေကကြည့်ရင်တော့ မြင်ရပါတယ် :-P
6.Dependencies:
Dependencies: ဆိုတာကတော့ VB နဲ့ရေးထားပါသော်လည်း .net Frame Work မလိုဘဲ Run နိုင်ပါသဗျ ဟီး ပျော်စရာကြီးနော် Crypter တွေရှိတာ :-D :-D :-D
7.File Binder:
File Binder: ဆိုတာကတော့ Rat File ကို အခြား ဖိုင်နဲ့ Bind လုပ်ရမှာ သုံးပါတယ် Bind လုပ်လိုက်ပြီဆိုတာနဲ့ ဖိုင်နှစ်ခု တပြိုင်တည်း Run သွားပါတယ် ဥပမာ ပုံတစ်ပုံနဲ့ Rat Bind ထားရင် ပုံကိုနှိပ်တာနဲ့ ပုံလည်းတက်မယ် Rat လည်း Run သွားပြီ ဒီသဘောပေါ့
ကဲ ဒီလောက်ဆို Crypter တွေအကြောင်း နည်းနည်းတော့သိသွားလောက်ပါပြီ ဘယ်တုံးကတည်းက သိမ်းထားမှန်းမသိဘူး မနေ့ကမှ ဖိုင်တွေရှင်းရင်း Notepad ထဲက သိမ်းထားတာတွေ့ လို့ တင်ပေးလိုက်တာပါ :-P
ကြော်ငြာလေးတွေကို Click လုပ်ပေးဖို့ တောင်းဆိုအပ်ပါတယ်။