ဒါလေးကတော့ ခေါင်းစဉ်အတိုင် Internet ကို Auto ပိတ်ပေးမယ့် apk လေးပေါ့ဗျာ.. တစ်ခါတစ်လေ အင်တာနက်သုံးနေရင် အရမ်းအိပ်ချင်လို့ ဆိုပီး ဖုန်းလေးဘေးချထားပြီး အင်တာနက် ဖွင့်ရင်း အိပ်ပျော်သွားတာကို ကြုံဖူးကြမှာ။ အဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ စီးပွားရေးရှင်ကြီး MPT ကတော့ မသက်ငြာဘူးဗျ။ ပိုက်ဆံတွေ ဖြတ်နေတာပေါ့။ ကျွန်တော်ကတော့ ၁၀ ခါထက်မနည်း ကြုံဖူးပြီးပီဗျ..
အဲ့ဒါကြောင့် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ကျွန်တော့်ဆရာကြီး Google ကိုမေးကြည့်တော့ အဲ့လိုလုပ်လိုက်ဆိုတာနဲ့ ကျွန်တော်လည်း ဆရာကြီးပြောတဲ့အတိုင်းလုပ်လိုက်တာ အဆင်ပြေသွားတယ်ဗျ .. ကျွန်တော် အဆင်ပြေရင် မနေတတ်သလို သူများတွေကိုလည်း ပြန်မျှချင်တာပေါ့ဗျာ .. အဲ့ဒါကြောင့် အားလုံးပဲ အဆင်ပြေအောင် တင်ပေးလိုက်တယ်နော် .. အသုံးပြုပုံလေးကလဲ လွယ်ပါတယ် .. ကိုယ်တိုင်ဘဲ စမ်းသပ်ကြည့်လိုက်တော့နော် .. ကဲ လိုချင်သူများ အောက်မှာ ဒေါင်းကြပါကုန်လော့ ....
To Download == > Network Auto Off.apk

Time in Yangon (rangoon)