ကြော်ငြာလေးတွေကို Click လုပ်ပေးဖို့ တောင်းဆိုအပ်ပါတယ်။

Samsung Glaxy S Advance (2.3.6) ကို Root လုပ်မယ်..

ကဲ ဒါလေးကတော့ Samsung Glaxy S Advanced GT I9070 ကို Root လုပ်နည်းလေးပါ.. ကျွန်တော့် ဖုန်းလေးကို ကိုတိုင် Root လုပ်ပီး အဆင်ပြေလို့ တင်ပေးလိုက်တာပါ.. အခုတစ်လော ကျွန်တော်တို့ မြန်မာပြည်တွင်းမှာလည်း ဖုန်းနဲ့ ပတ်သတ်တဲ့ Website တော်တော်များများမှာ ဖုန်းနဲ့ ပတ်သတ်တဲ့ ပြသနာတွေကို တင်ပေးနေတာနဲ့ ကျွန်တော်လည်း အစမ်းသဘောမျိုးနဲ့ တင်ပေးကြည့်တာပါ..
မြန်မာ ဆိုဒ် တော်တော်များများမှာ ဒီ Samsung Glaxy S Advance GT I9070 (2.3.6) Gingerbread ကို 2.3.6 မှာတင် တိုက်ရိုက် Root လုပ်တာကို မတွေ့သေးလို့ တင်ပေးလိုက်တာပါ.. ( ကျွန်တော် ရှာမတွေ့တာကို ပြောတာပါဗျာ.. ) ကဲ လုပ်နည်းလေးကို ကြည်ကြရအောင်ဗျာ..

အရင်ဆုံး မိမိဖုန်းရဲ့ Driver ကို မိမိ Computer က သိထားဖို့ လိုပါတယ်ဗျာ..

ကဲ Driver မရှိရင် ဒီမှာ ဒေါင်းလိုက်နော်..                       Samsung Driver 

 ဒီကောင်လေးပါ တင်ထားလိုက်ရင် ပိုအဆင်ပြေတယ်ဗျာ ..  Samsung Kies

အရင်ဆုံး GT-I 9070 Root  ဆိုတဲ့ ဖိုင်လေးကို အရင်ဆုံး ဒေါင်းလိုက်အောင်ဗျာ ...

ကဲ ပီးတော့ ဖုန်းထဲက Data တွေ၊ Contact တွေ၊ APK တွေကို အရင်ဆုံး Back Up လုပ်ထားလိုက်ဗျာ.. မတော်တဆ ပျက်သွားမှာ စိုးလို့ပါ.. ကျွန်တော် Root လုပ်တာကတော့ ဘာမှ မထိဘူးဗျ ( ပိုပိုလိုလို ပေါ့ဗျာ )

ကဲ ဒေါင်းလို့ ပီးပီ ဆိုရင်  GT-I 9070 Root ဆိုတဲ့ File လေးကို မိမိ ကွန်ပျူတာ Desktop ပေါ်ကို Extract လုပ်လိုက်ပါ... အဲ့အထဲမှာ ဖိုင် (၄) ခုပါပါတယ်..

ကဲ အဲဒါပီးရင်တော့ မိမိဖုန်းကို ပါဝါပိတ်ပီး Volume Down + Home + Power ခလုပ် သုံးခုကို စုံနှိပ်ပီး ပြန်ဖွင့်လိုက်ပါ.. အဲဒါဆို မိမိ ဖုန်းက Downloading Mode ကို ရောက်သွားပါလိမ့်မယ် .. ပီးရင်တော့ ဖုန်းက Cancel နဲ့ Continue ဆိုပီး နှစ်ခု မေးပါလိမ့်မယ် အဲ့ဒါဆို Continue အတွက် Volume Up ကို ထပ်ပီး နှိပ်ပေးလိုက်ပါ.. ပီးရင်တော့ မိမိဖုန်းကို USB Cable နဲ့ ကွန်ပျူတာကို ချိတ်ပေးလိုက်ပါ..

ပီးရင် ဖိုင်ထဲမှာ ပါတဲ့ Odin3 v1.83.exe ဆိုတာလေးကို Run ပေးလိုက်ပါ... အဲလိုဆိုရင် အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်..


  ပုံမှာ ပြထားတဲ့ အတိုင်း ID:COM ဆိုတာလေးရဲ့ အောက်မှာ အ၀ါရောင်လေး ပေါ်နေရပါမယ်.. မပေါ်ဘူးဆိုရင်တော့ မိမိဖုန်းကို ကွန်ပျူတာက မသိသေးလို့ပါ..  Driver နဲ့ Samsung Kies ကို ပြန်တင်ဖို့ လိုပါလိမ့်မယ်...

မြှားလေးတွေပြထားတဲ့ အတိုင်း အဲ့နေရာလေးတွေမှာ အမှန်ခြစ် ခြစ်ပေးလိုက်ပါ.. ကျန်တဲ့ နေရာက အမှန်ခြစ်တွေ ဖြစ်နေရင်လည်း ဖြုတ်ပေးလိုက်ပါ..

ပီးရင်တော့ PIT ဆိုတာလေးကို နှိပ်ပီး ခုနက Desktop ပေါ်မှာ တင်ထားတဲ့ GT-I9070_EUR_XX_8G_20111220_KL6.pit ဆိုတဲ့ ဖိုင်လေးကို ရွေးပေးလိုက်ပါ။

နာက်တစ်ဆင့်က PDA ဆိုတဲ့ ခလုပ်ကလေးကို နှိပ်ပီး ခုနက Desktop ပေါ်ကဘဲ rootkernel.tar.md5 ဆိုဖိုင်လေးကို ရွေးပေးလိုက်ပါ.. ပီးရင်တော့ Start ဆိုတဲ့ ခလုပ်ကလေးကို နှိပ်လိုက်တော့ဗျာ ....  

ID:COM ဆိုတာလေးရဲ့ အထက်ကွက်က အစိမ်းရောင်လေးနဲ့ Pass  ဆိုတာလေးပေါ်ပီး မိမိဖုန်းက Restart ကျသွားပါလိမ့်မယ်..

ပီးရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ ဖုန်းကို ပိတ်ပီး Downloading Mode ကို ပြန်ဝင်ပီး ကွန်ပျူတာနဲ့ ပြန်ချိတ်ပါ..

ပီးရင်တော့ အောက်က ပုံအတိုင်း CSC နေရာမှာ ကျန်နေတဲ့ Desktop ပေါ်က xxld1.tar.md5 ဆိုတဲ့ ဖိုင်လေးကို ရွေးပီး Start ကို နှိပ်ပေးလိုက်ပါ..


ခုနကလိုပဲ ID:COM ဆိုတာလေးရဲ့ အထက်ကွက်က အစိမ်းရောင်လေးနဲ့ Pass  ဆိုတာလေးပေါ်ပီး မိမိဖုန်းက Restart ကျသွားပီဆိုရင် မိမိဖုန်း Root ပေါက်သွားပါပီ။

 Superuser.apk  လေးကို Install လုပ်ပေးလိုက်ပါ..  ကဲ အဆင်ပြေကြပါစေဗျာ...



ကြော်ငြာလေးတွေကို Click လုပ်ပေးဖို့ တောင်းဆိုအပ်ပါတယ်။