ကြော်ငြာလေးတွေကို Click လုပ်ပေးဖို့ တောင်းဆိုအပ်ပါတယ်။

Kaspersky 2013 ကို Install လုပ်နည်း..

Image and video hosting by TinyPicဒီတစ်ခါတော့ ကျွန်တော့် ကိုယ်တိုင် အတွေ့ အကြုံလေးပါ.. ကျွန်တော့် ကွန်ပျူတာမှာ Kaspersky 2012 တင်ထားတယ်.. အဲဒါ သူငယ်ချင်း တစ်ယောက်ကုသူ့မှာ Kaspersky 2013 ရှိတယ်လို့ ပြောတာနဲ့  ကျွန်တော်လည်း ယူပြီး Install လုပ်လိုက်တာ ...  အဲကနေ ဇာတ်လမ်း စတော့တာပါဘဲ..

၁။ ကျွန်တော့် ကွန်ပျူတာထဲမှာ ရှိတဲ့ Kaspersky 2012 ကတော့ ပြုတ်သွားတယ်..
၂။ Kaspersky 2013 က လည်း တင်လို့ မရပြန်ဘူး...Error တွေဘဲ တက်နေတယ်..

၃။ အဲတာနဲ့ ကျွန်တော်လည်း အရင် Kaspersky 2012 ကို ပြန်တင်တယ်ဗျာ ... အဲတာကို လည်း ပြန်တင်လို့ မရတော့ဘူး .... အဲတာနဲ့ ကျွန်တော်လည်း တော်တော် မျက်လုံးပြူးသွားတာပေါ့

Registery တွေထဲ ၀င်ပြင်တာလည်း အဆင်မပြေ..အဲတာနဲ့ Window ပြန်တင်လိုက်ရတော့တာပါဘဲ..
အခု နောက်မှ အင်တာနက်ပေါ်ကနေ ပြန်ရှာရင်းနဲ့ ဒီနည်းလမ်းလေးကို တွေ့ခဲ့တာပါ.. ဒါကတော့ Window ကို လုံးဝ ထိခိုက်မှု မရှိပါဘူး...

အရင်ဆုံး Kav Remover ကို Run လိုက်ပါ.. အဲမှာ စာရိုက်ဖို့ အကွက်ကလေးနဲ့ AVP Tool Driver ဆိုပြီး နှစ်ခု တွေ့ပါလိမ့်မယ်...

စာရိုက်ဖို့ အကွက်ကလေးမှာ အပေါ်က ကာလာအရောင် မျဉ်းကြောင်လေးတွေကြားမှာရှိတဲ့ စာလုံး (၈)လုံးကို ရိုက်ထည့်ပေးလိုက်ပါ...

ပြီးရင် အောက်က AVP Tool Driver ဆိုတာလေးကို Click နှိပ်ပြီး Remove All Known Product ဆိုတာလေးကို ရွေးပေးလိုက်ပါ....

ပြီးရင်တော့ Remove ဆိုတာလေးကို နှိပ်လိုက်ပါ... ခဏလောက်ကြာတော့ ကွန်ပျူတာကို Restart ချခိုင်းပါလိမ့်မယ်... ချပေးလိုက်ပါ....

ပြီးရင်တော့ Kaspersky 2013 ကို Install လုပ်ပြီး အသုံးပြုနိုင်ပါပြီ.........

Download Links





                    




ကြော်ငြာလေးတွေကို Click လုပ်ပေးဖို့ တောင်းဆိုအပ်ပါတယ်။